ခေလာက္နီ
အကြည်တော်
1000 Kyats ကျပ်
ဒီမိုကေရစီ ရၿပီ။ ခေလာက္နီဆိုတဲ့ ရြာမွာ ဒီမုိကေရစီ ရသြားၿပီ။ လုပ်ချင်ရာလုပ် အဟုတ်ကျေနပ်ကြရင် ပြီးစတမ်းဆိုတဲ့ ခလောက်နီရွာမှာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီကြီးက မတောင်းလည်းရ … တောင်းလည်းရ။ ဒီမိုကရေစီရသွားကြတယ်။ စဉ်းစားကြည့်ကြပါလေ။ နဂိုက သူ့ဘာသာသူ လမ်းဘေးဈေးရောင်းလည်း စည်ပင်အခွန်ပေးရင် အေးဆေးပဲ၊ လမ်းလယ်ခေါင် မှတ်တိုင်ကျော်ရပ် လိုင်းကားစပယ်ရွာတွေ ခရီးသည်လုကြရင်လည်း စစ်ဆေးရေးမရှိ အေးဆေးပဲ၊၊ စည်ပင် မြောင်းကျော်ပြီး အိမ်တိုးချဲ့ဆောက်ထားလည်း သူသူကိုယ်ကိုယ်ဆိုတော့ အေးဆေးပဲ … စသည်ဖြင့် ပြောမဆုံးပေါင် အေး ဆေး တဲ့ရွာမှာ ဒီမိုကရေစီရပြီဆိုတော့ ဘာလုပ်ကြလို့ ဘာတွေ ဘယ်လိုဖြစ်ကြမတုန်း။ ဆရာအကြည်တော်က အဲဒီ ဒီမိုကရေစီရသွားတဲ့ ခလောက်နီရွာအကြောင်း ပယ်ပယ်နယ်နယ် ရေးပြထားတာကြောင့် သိချင်ရင်ဖြင့် ဖတ်ကြည့်ကြဖို့သာ လက်တို့ရပါမယ်။ တစ်ခုတော့ ရှိသပေါ့ဗျာ။ ကိုယ်တွေ့ကြုံသမျှနဲ့ တိုက်ဆိုင်နေသမို့ နည်းနည်းများ တစ်မျိုးဖြစ်ကြမယ်ဆိုရင်တော့ ဒါဟာ ဟာသဇာတ်ကြောင်းအဖြစ် ရယ်ရအောင်ရေးထားတဲ့ ဝတ္ထုတစ်ပုဒ်အဖြစ်သာ မှတ်ကြဖို့ ကြိုတင်ပြောပါရစေနော့။