သံသရာအကွေ့တစ်ရာ
အကြည်တော်
1000 Kyats ကျပ်
‘ယောက်ျားတွေရဲ့ စိတ်ဟာ ဆိတ်လိုပဲ။ မမြိန်ရင်တောင် တစ်တို့လောက် စားတတ်တယ်။ မိန်းကလေးတွေကတော့ ယုန်ကလေးတွေနဲ့ တူတယ်။ သူတို့ဟာ နူးညံ့တယ်။ ဆိတ်ငြိမ်တယ်။ ဒါပေမဲ့ မမြိန်ရင်တောင် သုံးကိုက်လောက် ကောက်ဝါးတတ်တယ်’ တဲ့။ ဒီလို အစချီထားတဲ့ ဒီဇာတ်လမ်းကတော့ စဖွင့်ကတည်းက တခွိခွိ တဟိဟိ ရယ်နေရတာပါပဲ။
တက္ကသိုလ် ကျောင်းသားကျောင်းသူတွေထဲက ကဗျာဝါသနာပါတဲ့သူတွေ စုပြီး ကဗျာစာအုပ် ထုတ်ကြမယ့် အစီအစဉ်ကနေ ဇာတ်လမ်းစတယ်။ ဇာတ်လိုက်ဖြစ်တဲ့ ကျော်စွာက ကျောင်းသားကဗျာဆရာ။ တခြားကျောင်းသားတွေ ပို့တဲ့ ကဗျာစာမူတွေကို ရွေးချယ်ဖို့ တာဝန်ယူထားတာ။ အဲ … ကဗျာရွေးပြီး စာအုပ်ထုတ်မယ်လို့ တိုင်ပင်နေတုန်းမှာပဲ အသံတစ်သံ ထွက်လာတယ်။ ‘နင်တို့ ကဗျာစာအုပ်မှာ ငါ့ဇာတ်ညွှန်းလေး ထည့်လို့မရဘူးလား’ တဲ့။ ပိန်ကပ်ကပ်၊ ဆံပင်ပွပွနဲ့ ကောင်မလေးတစ်ယောက် ထပြောတာ။ ဘယ့်နှယ် … ကဗျာစာအုပ်ပါဆိုမှ ဇာတ်ညွှန်းထည့်မတဲ့။ ဇာတ်ညွှန်းရေးချင် ရုပ်ရှင်ရိုက်ကွင်းသွားပေါ့။ အဲဒီကစလို့ ကဗျာဆရာနဲ့ ဇာတ်ညွှန်းဆရာမလေးတို့ စတွေ့ကြတော့တာပဲ။ စိတ်ညစ်နေရင် ဒီစာအုပ်လေး ဖတ်ကြည့်ပါ။ စိတ်ညစ်စရာမေ့၊ ရည်းစားကို မေ့၊ ထမင်းစားဖို့မေ့၊ နောက်ဆုံး ဆွေမျိုးပါမေ့သွားအောင် ရယ်နေရမှာနော်။