စည်းမျဉ်းစည်းကမ်းများ

၁ .ဝန်ဆောင်မှု

Wun Zinn (ဝန်ဇင်း) သည် Mobile Phone နှင့် Tablet များတွင် စာအုပ်များကို ဝယ်ယူ၍သော်လည်းကောင်း ၊ ငှားရမ်း၍သော်လည်းကောင်းဖတ်ရှုနိုင်သော ဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။ စာအုပ်များကို ဝယ်ယူ ငှားရမ်းရာတွင် သက်ဆိုင်ရာ မိုလ်ဘိုင်းလ်အော်ပရေတာများ ဖြစ်ကြသည့် MPT, Atom တို့ကိုအသုံးပြု၍လည်းကောင်း ၊Mobile Money (KBZ Pay, Wave Pay, AYA Pay) အစရှိသည်တို့ ကို အသုံးပြု၍ ဝန်ဆောင်မှု ရယူနိုင်ပါသည်။

၂.MPT ဖြင့် အငှားဝန်ဆောင်မှုရယူခြင်း

အငှားဝန်ဆောင်မှု ယူလိုပါက အငှားကဏ္ဍထဲက အငှားစတင်ရန်ကိုနှိပ်ပြီး MPT ဖုန်းနံပါတ်ဖြင့် ဝန်ဆောင်မှု ရယူနိုင်ပါပြီ ။သို့ မဟုတ် ၈၅၃၅ သို့ ON ဟု SMS ပေးပို့ခြင်းဖြင့် ဝန်ဆောင်မှုကိုစတင်အသုံးပြုနိုင်ပါသည်။

ဝန်ဆောင်မှုသက်တမ်းနှင့် ဝန်ဆောင်ခ

အငှားဝန်ဆောင်မှု၏ဝန်ဆောင်ခမှာ နေ့စဉ် (၉၉) ရက် နှင့် ရက်သတ္တပတ် ( ၂ )ပတ်စာ စာအုပ်သီးသန့်-(၅၂၅)ကျပ် ၊ စာအုပ် + ကာတွန်း - (၈၄၀)ကျပ်ပါ။

၃.ဝန်ဆောင်မှုပယ်ဖျက်ခြင်း

အငှားဝန်ဆောင်မှုရပ်ဆိုင်းလိုပါက ဝန်ဇင်း ကိုယ်ပိုင်အကောင့်ထဲက ကိုယ်ပိုင်အချက်လက်ထဲမှာ အငှားဝန်ဆောင်မှုရပ်မည်ကို နှိပ်ပေးရပါမည် ။ ဖုန်းထဲတွင် ဝန်ဇင်း App မရှိတော့ပါက  8535 သို့  OFF ဟု SMS ပေးပို့ပြီးပယ်ဖျက်နိုင်ပါသည်။ ထို့အပြင် 1414 သို့ STOP ဟုပေးပို့ ပြီး မိမိ ပယ်ဖျက်လို့ ဝန်ဇင်း ဝန်ဆောင်မှု များကိုပယ်ဖျက်နိုင်ပါသည် ။

၄.ဝန်ဇင်း ဝန်ဆောင်မှု အသုံးပြုသူများအားပြုလုပ်ပေးသော promotion ကာလ

ပရိုမိုးရှင်းကာလသည် 2024 ခုနှစ် July လ 1 ရက်နေ့မှ 2024ခုနှစ် စက်တင်ဘာလ 30 ရက်နေ့အထိ 3 လဖြစ်သည်။ ပရိုမိုးရှင်းအစီအစဉ်သည် ပရိုမိုးရှင်းကာလ အတွင်း ဝန်ဇင်း၏နေ့စဉ်စာအုပ်အငှား ဝန်ဆောင်မှုကို စာရင်းသွင်းထားသော MPT သုံးစွဲသူများသာ  ပရိုမိုးရှင်းနှင့် အကြုံးဝင်ပါသည် ။

 

၅.Promotion ဆုလာဘ်များ

အောက်ပါဆုများကို မဲနှိုက်ပြီးကံထူးရှင်များထံ ပေးအပ်သွားမည်ဖြစ်ပါသည်။

 

2024 ခုနှစ် July လ တွင် ဝန်ဆောင်မှုရယူသူများအတွက်

MPT Internet Data 2GB ကျပ် အယောက်(50) ။

 

2024 ခုနှစ် August လ တွင် ဝန်ဆောင်မှုရယူသူများအတွက်

MPT Internet Data 2GB ကျပ် အယောက်(50) ။

 

2024 ခုနှစ် September လ တွင် ဝန်ဆောင်မှုရယူသူများအတွက်

MPT Internet Data 2GB ကျပ် အယောက်(50) ။

 

Grand Prize - July ၊ August နှင့် September လ အတွင်း အငှားဝန်ဆောင်မှုရယူထားသူများထဲမှတစ်ဦးအား Grand Prize Samsung Tab A8 မဲနှိုက်ရွေးချယ်ပေးသွားပါမည်။

 

 

၆.သတင်းအချက်အလက် ပံ့ပိုးမှု

ဆုရရှိသူများသည် ဥပဒေအရ ခွင့်ပြုထားသည့်အတိုင်းအတာအထိ ဝန်ဆောင်မှုပေးသူ၏ ပရိုမိုးရှင်းလှုပ်ရှားမှုများတွင် ပါဝင်ရန်နှင့် အမည်၊ ဓာတ်ပုံများကဲ့သို့သော ကိုယ်ရေးကိုယ်တာ အချက်အလက်များကို လူမှုကြေညာချက် နှင့် ရုပ်သံလွှင့်ချန်နယ်များတွင် လွှင့်တင်ခွင့်ပြုရန် သဘောတူသည်။

၇.ဆုထုတ်ယူခြင်းဆိုင်ရာအကြောင်းအရာ

ဆုရရှိသော စာရင်းသွင်းသူများကို (၂)ပတ်အတွင်း ဆုရရှိကြောင်း  အကြောင်းကြား ဆက် သွယ်ရပါမည်။ Grand Prize အတွက် စာရင်းသွင်းသူသည် MPT ရုံး သို့မဟုတ် ဝန်ဆောင် မှုပေး သူ၏ ရုံးခန်းတွင် ဆုကိုလာရောက်ထုတ်ယူရပါမည်။ ဆုရရှိသော စာရင်းသွင်းသူများသည် ဆုများ ကို ထုတ် ယူ သောအခါ (နိုင်ငံသား စီစစ်ရေး သို့မဟုတ် နိုင်ငံကူးလက်မှတ်) ကို တောင်းဆိုသည့်အခါ အ ထောက်အထားများ တင်ပြရန် လိုအပ်သည်။

၈. စည်းမျဉ်းများပြင်ဆင်ခြင်း

ဝန်ဇင်းအသုံးပြုနေသူများအတွက် အခါအားလျော်စွာကျင်းပပြုလုပ်သော Promotion အစီအစဉ်အတွက်လိုအပ်သော စည်းမျဉ်းစည်းကမ်းများ ကို ကြေငြာသွားပါမည် ။ အငြင်းပွားတစ်စုံတစ်ရာရှိခဲ့ပါက ဝန်ဇင်း မှ ဆုံးဖြတ်ချက်အတိုင်းသာ သဘောတူလိုက်နာရပါမည် ။